Latest Movie :

King Arthur: Legend of the Sword (2017) မြန်မာစာတမ်းထိုး

လွန်ခဲ့သော နှစ်ပေါင်းများစွားတည်းက လူသားတွေနဲ့ မှော်ဆရာတွေဟာ အတူတူလက်တွဲ ပြီးနေထိုင်လာခဲ့တာ ကြာခဲ့ပြီဖြစ်တယ်...King Uther အုပ်ချူပ်နေချိန် ကာလမှာ သူ့ကိုမလိုလားတဲ့ လူတွေကြောင့် မှော်ဆရာတွေနဲ့ လူတွေကြား စစ်ပွဲတွေ ဖြစ်ခဲ့တယ်..အဲ့ထဲမှာမှ Uther ကို မလိုလားဆုံး သူတွေ ထဲမှာ သူ့ညီ Vortigern လည်းအပါဝင် ဖြစ်တယ်..သူ့အကိုရဲ့ ဘုရင်နေရာကို သိမ်းပိုက်ပြီး အာဏာရှင် ဆန်ဆန် အုပ်ချုပ်ချင်နေတဲ့သူလည်း ဖြစ်တယ် ...ဘုရင် ဖြစ်ဖို့အတွက်ဆို ဘာမဆို လုပ်မဲ့ Vortigern ဟာ သူ့အကိုကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်...King Uther မှာ သားတစ်ယောက် ရှိခဲ့တယ်..အဲ့ကလေးလေးဟာ သူ့အဖေ သေဆုံးတဲ့ ညမှာတင် ဖြစ်ပျက်ခဲ့တာတွေ တစ်ခုမှ မမှတ်မိခဲ့ဘဲ တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားခဲ့ပါတယ်..အဲ့ကလေးဟာ တစ်ချိန်မှာ ဘုရင်ဖြစ်မယ့် Arthur ဖြစ်လာခဲ့တာပါပဲ..
Arthur အသက်ကြီးလာတဲ့အချိန်ထိ သူငယ်ငယ်တုန်းက ဖြစ်ပျက်ခဲ့တာတွေ တစ်ခုမှတ်မိခဲ့ခြင်း မရှိတဲ့အတွက် သာမန် ဘဝတစ်ခုနဲ့ပဲ နေလာခဲ့တယ်...ဒါပေမဲ့ တစ်နေ့မှာ King Vortigern အုပ်ချူပ်နေစဉ် သူတိုင်းပြည်ရဲ့ပင်လယ်ရေတွေထဲကနေ King Uther ရဲ့ဓားဟာ ထွက်ပေါ်လာခဲ့တယ်...Vortigern ရဲ့လူတွေအကုန်လုံး ဓားကို ကျောက်တုံးထဲက ဆွဲထုတ်ခဲ့ကြပေမယ့် တစ်ယောက်မှ မအောင် မြင်ခဲ့ဘူး..Vortigern ကို Black Magic ပေးတဲ့သူကတော့ ဒီဓားကိုဆွဲထုတ်နိုင် တဲ့သူကို သတ်ပြီးမှသာလျင် သူ့လိုချင်နေတဲ့ မှော်စွမ်းအားတွေ ထပ်ရနိုင်မှာ ဖြစ်လို့ Vortigern ဟာဒီဓားကို ဆွဲထုတ်ဖို့အတွက် လူတွေခေါ်ပြီးဆွဲထုတ် ခိုင်းတယ်..Arthur ရောက်လာချိန်မှာတော့ ဓားကိုဆွဲထုတ် နိုင်ခဲ့တယ်..အဲ့အချိန်မှာပဲ Arthur အဖမ်းခံရပြီး အသတ်ခံရဖို့ ဖြစ်လာတဲ့ အချိန်မှာ………..Arthur ပဲလွတ်မြောက် သွားမလား..Vortigern ပဲ ကျရှုံးသွားမလား……..
~~~Review~~~
ဒီကားကို Trailer စပြတည်းက ကြည့်ချင်နေခဲ့တာ ခုကြည့်လိုက်ရချိန်မှာ လည်း စိတ်ကျေနပ်မူ ရရှိခဲ့တယ်...ဇာတ်ကားအစကို စစ်ပွဲတွေနဲ့စထားတော့ အစမှာတည်းက အရှိန်တက်တယ်..King Uther ရဲ့အခန်းကို လိုတာထက် ပိုမပြခဲ့ဘူး..ဇာတ်လမ်းသွား ခပ်မြန်မြန်လေးပဲ လုပ်ထားတယ်...Vortigern ရဲ့အခန်းကဏ္ဏ ကိုအစမှာတည်းက ခန့်မှန်းလို့ရအောင် ပြထားတယ်...တကယ်လည်း Arthur ရယ် Vortigern ရဲ့ဇာတ်ပဲလေ...Vortigern အခန်းတိုင်း ကြည့်လို့ကောင်းတယ်..Jude Law သရုပ်ဆောင်တာလည်း အတော်ကြည့်ကောင်းတယ်..Vortigern နဲ့လည်း လိုက်ဖက်တယ်လို့ ထင်မိတယ်..Arthur နေရာ သရုပ်ဆောင်တဲ့ Charlie Hunnam လည်း ဒီကားမှာ အတော်ပြင်ဆင်ထားတယ်..Body ပိုင်း physical ပိုင်း အထူးပြောစရာ မလိုဘူး..
Arthur ဆိုတဲ့ character ကို အသေချာ ပြင်ဆင်ထားတော့ အထူးပြောနေစရာ မလိုဘူး..ကျန်တဲ့ သရုပ်ဆောင်တွေလည်း သူ့ဟာနဲ့တူ အကောင်းဆုံး ပံပိုးပေးထားတယ်...GoT ထဲက ဇာတ်ကောင် အချို့လည်းပါသေးတယ်...အဲ့ထဲမှာ Petyr Baelish နေရာသရုပ်ဆောင်တဲ့ Aidan Gillen ရဲ့အခန်းကတော့ ပိုများတယ်...သာမန်ထက်တော့ မပိုခဲ့ဘူး သူ့သရုပ်ဆောင်ချက်တွေကတော့..
ဒီကားက သရုပ်ဆောင်ပိုင်း ပြောစရာမရှိပေမဲ့ ဇာတ်လမ်းပိုင်းကတော့ ဆွဲဆောင်မူသိမရှိခဲ့ဘူး..အက်ရှင် အခန်းတွေက Trailer မှာပါတဲ့ဟာတွေထဲကပဲ ပြန်ပါတယ်..တစ်ချို့အခန်းတွေက တော့ရုပ်ရှင်ကြည့်တဲ့ အခါမှ တွေ့လိုက်ရတဲ့အတွက် အတော်မိုက်ပါတယ်...နောက်တစ်ချက်က စကားပြောနေရင်း ထထဖောက်တာလေးတွေ များတယ်..scene တစ်ခုမှာ တစ်ကြိမ်လောက်ဆို ရီရပေမဲ့ အဲအတိုင်းပဲ ထပ်ပြောတဲ့ အခါကျတော့ အတင်းရီခိုင်းသလိုဖြစ်တယ်…နောက်ပြီး ဒါရိုက်တာ က Sherlock Holmes 1,2 ရိုက်ခဲ့တာဆိုတော့ ဒီကားမှာ အဲ့ပုံစံ တွ အရမ်းသုံးတယ်..စကားပြောနေရင်း flashback လေးတွေနဲ့ပြတာ ခဏခဏပဲ...serious ဖက် သိပ်မသွားပဲနဲ့ fun လေးတွေ ညှပ်ပြသွားတာလေးကတော့ သူ့အကြိုက်နဲ့သူပါပဲ…
ဒီကားကို ကြိုက်မိတဲ့အချက်တွေက တော့ပိုများတယ်.ပထမဆုံး ချီးကျူးရရင် Guy Ritchie ရဲ့ visual effects ကတော်တော် အားရဖို့ကောင်းခဲ့တယ်..အက်ရှင် အခန်းတိုင်းကို ရိုက်ထားတာ အရမ်းအားရဖို့ကောင်းတယ်..Sherlock Holmes မှာ မြင်ခဲ့ရတဲ့ အက်ရှင်အခန်းပုံစံ တွေကို ဒီကားမှာ အကောင်းဆုံး ချပြသွားနိုင်ခဲ့တယ်...trailer မှာပါတဲ့ ဆင်အခန်းတွေဆို ရုံမှာ 3D နဲ့ကြည့်ရင် အတော်ကြည့်လို့ကောင်းတယ်..ဒီနေရာမှာ တစ်ခုလောက်ပြောချင်တာက ဒီကားကို ရုံကောင်းကောင်းမှာ 3D နဲ့ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ပြောချင်တယ်..တစ်ကားလုံး 3D effect ကို အကောင်းဆုံး ရိုက်ပြသွားနိုင်တယ်...နောက်ကြိုက်မိတဲ့ အခန်းကတော့ Sam Lee ရဲ့ နာမည်ကြီး သီချင်း The Wild Wild Berry ကို ရုပ်ရှင်ထဲမှာ ပြန်အသုံးပြုသွားတာပဲ…ဒီကားကို ကြိုက်မိတဲ့အချက်တွေက များတာတော့ အမှန်ပါပဲ…နောက်ဆုံး အခန်းဆိုရင်လည်း ရိုက်ထားတာ အတော်ကို အားရဖို့ကောင်းခဲ့ပြီး ပရိတ်သတ် အကြိုက်ရိုက်သွား ခဲ့နိုင်တယ်..ဒီကားကို Fantasy နဲ့modern age ပေါင်းပြီး ရိုက်ပြခဲ့ပါတယ်..အချို့ရိုက်ချက်တွေဆိုရင် Game play ပုံစံနဲ့ အတော်ကို ဆင်တူအောင်ရိုက်ထားပါတယ်..The Witcher game ကို ပြန်အသက်သွင်းပြီး ရုပ်ရှင် အဖြစ် ရိုက်ကူး ခဲ့မယ်ဆိုရင်တော့ အခုလိုမျိုး visual effect တွေနဲ့မြင်ချင်နေ မိတာတော့အမှန်ပါပဲ..ဒါပေမဲ့ series အဖြစ်ရိုက်ကူးမယ်လို့သတင်းတွေ လည်းထွက်နေပါသေးတယ်..
ဒီကားဟာ နိုင်ငံတကာမှာUS နဲ့ China တို့မှာ ပြသခဲ့ပြီး ဖြစ်ပါတယ်..UK မှာ ဒီအပတ် ရုံစဝင်ပြီး ပြသတော့ မှာလည်းဖြစ်တယ်..ဒါပေမဲ့ ကံဆိုးစွာနဲ့ Rating တွေဟာ မကောင်းခဲ့တဲ့အတွက် Box Office မှာ epic flop အဖြစ်မှတ်တမ်း ဝင်ဖို့ရှိနေပါတယ်..ဒါဟာလည်း ဒီကားကို sword battle တွေနဲ့Fantasy မဆန်ချင်တဲ့ အတွက်ကြောင့်ပဲ ပေးခဲ့တာတွေ ဖြစ်လိမ့်မယ် ထင်တယ်..Budget အရ 175 million အသုံးပြုထားပြီး ခုလက်ရှိ 58.1 mill လောက်ပဲရရှိထားပါသေးတယ်..2017 ခုနှစ်ရဲ့ Budget အများပြား သုံးပြီး Box office flop ဖြစ်ဖို့ရာခိုင် နူန်းများနေပါတယ်..
အဆုံးသတ် ပြောရမယ်ဆိုရင် 3D နဲ့ရုံကောင်းကောင်းမှာ ကြည့် သင့်တဲ့ ကားကောင်းတစ်ကားပါ..visual effects ကြိုက် နှစ်သက်သူဆိုရင် တော့ ပြောစရာ မလိုတော့ပါဘူး..ဝယ်လိုက်ရတဲ့ လက်မှတ်ဖိုးနဲ့တန်တဲ့ကား တစ်ကားဖြစ်ပါတယ်..


credit-goldchannel

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. WATCH MOVIE All rights reserved Disclaimer: minkye.blogspot.com is not in anyway associated with Gostream.is, Onlinemovies, Fmovies, Xmovies8, Putlocker sites. We do not host any videos on minkye.blogspot.com itself. minkye.blogspot.com is absolutely legal and contains only links to other third party websites like Youtube, Uptobox, Mediafire, Google, Picasaweb, Dailymotion, Openload, VK.com and many more which actually host videos. minkye.blogspot.com is not responsible for the compliance, copyright, legality, decency, or any other aspect of the content of other linked sites. If you have any legal issues please contact the appropriate media file owners or linked hosting websites. minkye.blogspot.com only and only provides links to third party video hosting sites which videos are uploaded by third party users. minkye.blogspot.com in no way affiliated with them nor intend to do that.
Template Created by Creating Website Published by Mas Template
Proudly powered by Blogger