REVENGE 2017 မြန်မာစာတန်းထိုး
Never take your mistress on an annual guys' getaway, especially one devoted to hunting - a violent lesson for three wealthy married men.
D O W N L O A D
D O W N L O A D
D O W N L O A D
China Salesman(2017)

ယန် ဂျီအန် ဆိုတဲ့လူငယ်လေးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်အလုပ်လုပ်ပြီးတော့ မြောက် အာဖရိက ကိုသွားပြီးလုပ်အားပေးကူညီတဲ့ တရုတ် အိုင်တီ အင်ဂျင်နီယာ တစ်ယောက်ပါ။တောင်နဲ့မြောက်ကြားမှာရှိတဲ့ဆက်သွယ်ရေးတွေကိုအနိုင်ရသူကပဲထိန်းချုပ်ခွင့်ရတယ်။ပြင်သစ် လျှို့ဝှက်စုံထောက် မိုက်ကယ် ကအနောက်ဘက်အတွက်အလုပ်လုပ်ပေးတယ်။မြောက်ဘက်ကိုသွားပြီးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်သူ့ရဲ့သူဌေးကအမိန့်ပေးခဲ့တယ်။ပြီးတော့သူတို့က အာဖရိက ရဲ့ကြီးမားတဲ့တွင်းထွက်ပစ္စည်းတွေကိုထိန်းချုပ်နိုင်တယ်။သူကကြေးစားနိုင်ငံခြားသားစစ်သား အာဖရိက မှာရှိတဲ့ လာဒါ လို့ခေါ်တဲ့လူနဲ့အရင်ဗိုလ်ချုပ် ကက်ဘား ကိုငှါးခဲ့ပြီးသူ့ကိုကူညီဖို့ခေါ်ခဲ့တယ်။ယန် ကသူတို့တွေရဲ့လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေကိုစုံစမ်းခဲ့တယ်။အဲ့ဒီလူတွေကိုသူတစ်ယောက်ပဲတားဆီးလို့ရတယ်။….
The Wall (2017) မြန်မာစာတန်းထိုး
အီရတ်စစ်မြေပြင်မှာ တိုက်တဲ့ စစ်ပွဲတွေကို Jarhead, American Sniper, The Hurt Locker တို့လို ရုပ်ရှင်တွေနဲ့ အော်စကာဆုရသည်အထိ ရိုက်ပြဖူးခဲ့ပါတယ်။ အခုတစ်ခါ အီရတ်စစ်မြေပြင်က အသက်လုပွဲကို The Wall (2017) ဆိုတဲ့ အမည်နဲ့ The Edge of Tomorrow, Bourne Identity တို့ရဲ့ ဒါရိုက်တာ Doug Liman က ရွှေကမ္ဘာလုံးဆုရ မင်းသား Aaaron Tyler Jhonson, Smark Down နပန်းသမားကြီး Jhon Cena တို့နဲ့ သည်းထိတ်ရင်ဖို ရိုက်ပြလိုက်ပြန်ပါပြီ။ စစ်ကားဆိုတာနဲ့ ၀ုန်းဒိုင်းကြဲ ပစ်ခတ်နေမယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ဒီကားမှာ လူသုံးယောက်သာ ပါပါတယ်။ သူတို့က အမေရိကန် စစ်သားနှစ်ယောက်နဲ့ အီရတ်စစ်သားတစ်ယောက်ပါ။
ဆာဂျင် ရှိန်း မက်သယူးက စနိုက်ပါ တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို အီရတ်သဲကန္တာရထဲက အဆောက်အအုံတစ်ခုကို စစ်ဆေးဖို့ လွှတ်လိုက်တာပါ။ သူ့လက်ထောက်က ဆာဂျင် အယ်လန် အိုင်ဆက်ပါ။ သူတို့ကို တာဝန်ပေးထားတဲ့ အဆောက်အအုံ ဧရိယာကို ၂၂ နာရီကြာအောင် စောင့်ကြည့်အကဲခတ်ပြီးနောက်မှာတော့ စိတ်ချရပြီလို့ ယူဆပြီး ရှိန်းက အထဲမှာ သေနေတဲ့ အစောင့်တပ်သားတွေဆီက ရေဒီယိုတွေကို ယူဖို့ လာခဲ့ပါတယ်။ ဒါပေမယ့် အထဲမှာ လျှို့ဝှက်ပြီး စောင့်နေတဲ့ အီရတ်စနိုက်ပါသမား ဂျူးဘားက ရှိန်းကို ပစ်ထည့်လိုက်လို့ ရှိန်း လဲကျသွားတယ်။ ရှိန်းကို ကယ်ဖို့ သွားတဲ့ အယ်လန်ပါ ခြေထောက်ထိသွားလို့ သဲအိတ်တွေနဲ့ ကာထားတဲ့ နံရံကလေးတစ်ခုနောက် ၀င်ပုန်းလိုက်ရတယ်။ ရေဘူးနဲ့ ရှိတဲ့ ရေဒီယိုပါ ပျက်စီးသွားလို့ ဒုက္ခရောက်တာထက် သူ့ကို နည်းနည်းလေးတောင် လှုပ်မရအောင် မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ဂျူဘားက ပိုအန္တရာယ်ကြီးပါတယ်။ ရှိန်းကလည်း မြေပြင်မှာ ဆန့်ဆန့်ကြီး လဲနေပေမယ့် မသေသေးပါဘူး။ ရာနှုန်းပြည့် စိတ်မချရတဲ့ နံရံကလေးတစ်ဖက်က အယ်လန်ရယ်၊ အဆောက်အအုံရဲ့ နံရံတစ်ဖက်က ဂျူဘားရယ်၊ သူတို့နှစ်ယောက်ကြားက ရှိန်းရယ် ကြုံနေရကြရတာက စစ်ပွဲတစ်ခုနဲ့ မတူတော့ဘဲ ဥာဏ်ကစားပွဲတစ်ခုနဲ့ ပိုတူနေပါတော့တယ်။
credit-goldchannel

The Thieves (2012) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကို ဟိုးအရင်က 480p Quality နဲ့တင်ပေးဖူးပါတယ်။
ဒေါင်းမရဘူးပြောတာတစ်ကြောင်း ကျွန်တော်ကလဲ မင်းသမီးပရိတ်သတ်ဖြစ်တာတစ်ကြောင်း ဇာတ်ကားကလဲ စွဲမက်ဖွယ်အပြည့်ရှိတာတစ်ကြောင်းတို့ကြောင့် အခု 720p BluRay Quality နဲ့ ပြန်လည်တင်ဆက်ခြင်းဖြစ်ပါတယ်။
ကိုရီးယား Box Office မှာ နံပါတ် ၁ နေရာရရှိခဲ့တဲ့ ဇာတ်ကားပါ…
My sassy girl မင်းသမီး Jun Ji Hyun ပါဝင်ထားပြီး ကိုရီးယား၊တရုတ်၊ဂျပန် အဖွဲ့တွေနဲ့
စုပေါင်းရိုက်ကူးထားတဲ့ IMDb Rating (6.8) ရရှိထားတဲ့ဇာတ်ကားပါ…
လှည့်ကွက်လေးတွေနဲ့ ရိုက်ကူးထားပြီး တစ်ခုနဲ့တစ်ခုကိုပြန်ဆက်စပ်ပြသွားတာ
သေသပ်ပါတယ်…။
credit-channelmyanmar

Poseidon (2006)မြန်မာစာတန်းထိုး
ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။
MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။
ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ်
ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။
သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး
ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။
အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။
သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။
သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊
ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့်
ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။
ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး
အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ ……….
small size
large size
credit-channelmyanmar
Baahubali 2: The Conclusion (2017) မြန်မာစာတန်းထိုး
Baahubali 2: The Conclusion (2017)အကြည်လေးထွက်လာလို.တင်ပေးလိုက်ပါတယ်ဗျ။Quality ကတော့ Bluray ကွာလတီပါ
US$39 million အကုန်အကျခံပြီးတင်ဆက်ထားတဲ.
Baahubali 2 ဟာ IMDb မှာ Rating 9.1 အထိရရှိထားပါတယ်ဗျ
ဇာတ်လမ်းအကျဉ်းကတော့ ၂၀၁၅ ခုနှစ်က Baahubali ရဲ.အဆက်ဖြစ်ပြီး
Katappa က Baahubali ကို ဘာလို့ လုပ်ကြံရသလဲ
ဆိုတဲ့မေးခွန်းနဲ.ပရိတ်သက်ကို ဆွဲဆန်.ထားခဲ့တာဖြစ်ပါတယ်။
ဒီကားမှာတော့ Baahubali ရဲ့ သားဖြစ်သူ က သူ့ရဲ့အမွေအနှစ်
အစစ်အမှန်ကို သိရှိပြီးနောက်တော့ သူ.ရဲ. နေရာမှန်ကို
ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားသွားပုံ ကို effect ကောင်းကောင်းတွေ
သုံးပြီးရိုက်ကူးထားတာဖြစ်လို. ပရိတ်သတ်တွေ
အကြိုက်တွေ.စေမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ဗျ

The Amazing Spider-Man 2 (2014) မြန်မာစာတန်းထိုး
ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။
Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ဇာတ်ကားထက်တောင် မှ အများကြီးသာလွန်နေပြီး၊ Captain America ထက် ပိုကြိုက်ပါတယ်။
ဒါပေမယ့် ကျွန်တော်ပြောခဲ့သလို၊ ဇာတ်လမ်းက ဇာတ်ရှိန် အတက်အကျ မမှန်ပါဘူး။ အထူးသဖြင့် Peter နဲ့ Gwen တို့နဲ့ အချစ်ဇာတ်လမ်းက ကလေး ကစားသလိုဖြစ်နေပါတယ်။ ပရိတ်သတ်တစ်ချို့က ဒီအချစ်ဇာတ်လမ်းမလိုဘူး လို့ထင်ပေမယ့် တကယ်တော့ Spider-Man ဇာတ်လမ်းမှာ အချစ်ဇာတ်လမ်း လိုကို လိုပါတယ်။
သူက လူတွေကို ကယ်တင်နေရင်းနဲ့ တဖက်ကလည်း ချစ်သူနဲ့ တွဲသင့် မတွဲသင့် အမြဲ တမ်းကြုံတွေ့ရသလို၊ ရန်သူတွေက သူ့ချစ်သူကို အန္တရာယ်ပေးမှာ လည်း တွေးပူရပါတယ်။ ဒီကားက အဲ့ဒီအချက်ကို ထည့်ပေးထားပေမယ့် တစ်ချို့အခန်းတွေက သာမန် Drama ကားတွေလောက် တောင် မကောင်းဘူးဖြစ်နေပါတယ်။
ဒါပေမယ့် ကျွန်တော်က ကျန်တဲ့ အချက်အားလုံးနီးပါးကို သဘောကျပါတယ်။ ဒီကားမှာ Electro ကို အဓိက ရန်သူအဖြစ် မိတ်ဆက်သွားပြီး၊ သူ့ရဲ့ Transformation ကလည်း အရမ်းကောင်းပါတယ်။ ကာတွန်းထဲက နဲ့ မတူပေမယ့် ကာတွန်းထဲက Origin ထက်ပိုပြီး ကြည့်လို့ကောင်းပါတယ်။ အထူးသဖြင့် Oscorp နဲ့ ဗီလိန်အား လုံး ချိတ်ဆက်ပေးထားပြီး Sinister Six ကို သွားနေတဲ့ ပုံစံလည်း ဖြစ်ပါတယ်။

The Amazing Spider-Man (2012) မြန်မာစာတန်းထိုး
ဒီThe Amazing Spidermanပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာ
Spidermanစတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။
အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။
ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။
၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘ၀မှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီး
သူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။
မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲ
ကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။
အဖေ့သွေးပါသူဖြစ်တော့ဥာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။
အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။
တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီး
သုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။
အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တင်သိပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်
OScorpဆိုတဲ့မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာအလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။
အဲဒါနဲ့ပဲဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီး
Spidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။
လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။
အဲတော့နောက်ပိုင်းSpidermanပေါက်စဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။

The Villainess (2017) မြန်မာစာတန်းထိုး
အမျိုးသမီးဇာတ်ကောင်ကို အဓိကထားပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေ ပြန်လည်ခေတ်ကောင်းလာတဲ့ကာလလို့ ပြောလို့ရမယ့် လက်ရှိကာလမျိုးမှာ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးတွေကလည်း Shiri တို့လို အက်ရှင်ကားမျိုးတွေနဲ့ ကမ္ဘာသိအောင် ပြဆိုခဲ့မှုတွေ ရှိခဲ့တာပီပီ ယခုနှစ် 2017ခုနှစ်ထဲမှာလည်း အမျိုးသမီးဇာတ်ဆောင်ကို အဓိကထားရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို ဖြန့်ချီပေးလိုက်ပြန်ပါပြီ။
ဇာတ်လမ်းအကြောင်းအရာကတော့ တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကို
ဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ကတိဖြစ်ပါတယ်။ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး။
အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရှု့ စားရမှာဖြစ်ပါတယ်။Cannes ရုပ်ရှင်ပွဲတော်မှာတော့ ယခု ဇာတ်ကားဟာ ချီးမွှမ်းသံတွေ အပြည့်ရရှိထားတာကိုတွေ့ရပါတယ်။ယခုဇာတ်ကားအတွက် ယုံကြည်စရာတစ်ခုက တာဝန်ယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Jung Byung-Gil ဆိုတာကလည်း Confession Of Murder တို့လို အက်ရှင်ကားကောင်းတွေကို ပီပြင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့ဘူးတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်နေတာရယ်ကြောင့် ထိုက်တန်တဲ့ဖျော်ဖြေမှု တွေ ရလောက်မယ်လို့ ယုံကြည်မိပါတယ်။
အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kim Ok-Vin ဆိုတာလည်း ကိုရီယားရုပ်ရှင်လောကမှာ နာမည်ရပြီးသား အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်သလို Thirst တို့လို The Front Line တို့လို (အဲဒီကားတွေထဲမှာလည်း ယခု ရုပ်ရှင်ထဲက ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Shin Ha-Kyun နဲ့အတူ တွဲဖက်ညီညီ သရုပ်ဆောင်ဘူးခဲ့)ကားတွေမှာ သူမရဲ့ သရုပ်ဆောင်မှု ပါရမီကို ပရိသတ်တွေထံ မှတ်ကျောက်တင်ခဲ့ပြီးသားဖြစ်တာကြောင့် ဒီရုပ်ရှင်အတွက် သံသယဖြစ်ဖို့လိုမယ်မထင်ပါဘူး (ဒီကားမရိုက်ကူးခင်မှာ ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် တိုက်ကွမ်ဒိုလို တိုက်ခိုက်ရေးပညာရပ်တွေကို လေ့ကျင့်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်)။ဟာသ ဒရမ်မာ အက်ရှင် စွယ်စုံကောင်းမွန်စွာ သရုပ်ဆောင်နိုင်စွမ်းရှိတဲ့Shin Ha-Kyunလို သရုပ်ဆောင်ကောင်းတွေပါနေတဲ့ အတွက်ကြောင့်လည်း အရင်က အာရှရုပ်ရှင်သမိုင်းမှာ နာမည်တွင်ခဲ့တဲ့ ဂျက်မတို့လို သမိုင်းကြောင်းမျိုး ကျန်ခဲ့မလားဆိုတာတော့ ပိတ်ကားထက်ပေါ်မှာ ကြည့်ရှု့ ခံစားရုံမှာတစ်ပါး အခြားမရှိကြောင်းပါ။

Tiger Raid (2017) မြန်မာစာတမ်းထိုး
အရမ်းကြမ်းတဲ့ဇာတ်ကြမ်းကားတစ်ကားကို တင်ပေးလိုက်ပါတယ်
ကြေးစားနှစ်ယောက်ဟာ သူတို့ကို ပြန်ပေးဆွဲခံထားတဲ့နေရာကနေ လွတ်မြောက်လာပြီး သဲကန္တာရထဲမှာ ညဘက်အချိန်ကုန်ဆုံးခဲ့ပါတယ် သူတို့နေရာကိုလဲ ပြန်ရောက်ရော သူတို့ ထင်ထားသလို ဖြစ်မနေပဲ ရန်သူတွေဟာ အုပ်စိုးနေကြပါတယ် အဲ့ဒါကို သူတို့၂ယောက်ဟာ ရန်သူတွေကို ကြမ်းသည်ထက် ပိုကြမ်းတဲ့နည်းတွေနဲ့ တိုက်ခိုက်ကြပါတော့တယ်
IMDbမှာ 4.6ရထားပြီး Rotten Tomatoesကတော့60%ရထားတဲ့ ဗြိတိန်-အိုင်းရစ် ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်

Thunderbolt (1995) မြန်မာစာတန်းထိုး
IMDb Rating (6.4/10) ရရှိထားတဲ့ ဂျက်ကီချန်းဇာတ်ကားပါ။
အညွှန်းမပေးတော့ပါဘူး။
ဂျက်ကီချန်းပရိတ်သတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။
credit-goldchannel
credit-channelmyanmar
အညွှန်းမပေးတော့ပါဘူး။
ဂျက်ကီချန်းပရိတ်သတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။
credit-goldchannel
credit-channelmyanmar
Under the Skin (2013) (မြန်မာစာတန်းထိုး)
Under the Skin (2013) ကို ပထမဆုံးစကြည့်ချင်တဲ့ အကြောင်းအရင်းက Scarlett Johansson ကြောင့်ဆို ဒုတိယအကြောင်းအရင်းက ဇာတ်ကားရဲ့ Genre က Mystery Sci-Fi ဖြစ်တာကြောင့်။ ဒါ့အပြင် Movie Critics တွေရဲ့ ကောင်းပါတယ်ဆိုတဲ့ အသံကြောင့်လည်းပါတယ်။ ဒီဇာတ်ကားက BBC ရဲ့ 21st ရာစုရဲ့ အကောင်းဆုံး ဇာတ်ကား 100 စာရင်းမှာလည်း ပါဝင်ထားတယ်။ ဘာတွေဒီလောက်ကောင်းသလဲပေါ့။
ကျွန်တော့်အမြင်အရ ဒီဇာတ်ကားက Sci-Fi Genre နဲ့ Mytho ဟန်တစ်ခုကို တွဲစပ်တင်ပြထားသလိုပါပဲ။ T.S Eliot ရဲ့ Modernist ဖန်ဆင်းခြင်းပုံစံမျိုးပဲ။ ကြားဖူးနေကျ ရိုးရာပုံပြင်တစ်ခုကို Ailen ဆန်ဆန်တွေနဲ့ Sci-Fi Genre တစ်ခုထဲ သွပ်သွင်းလိုက်တဲ့သဘော။ ဒါကြောင့်လည်း Under the Skin ဟာ Modernist ဟန်ရှိတဲ့ ဇာတ်ကားတစ်ခုအဖြစ်ရှိလာခဲ့တာ။ ဒါ့ပေမယ့် Under the Skin မှာ ရှုတ်ထွေးတဲ့ ဒွိဟသဘောတွေ တွေ့နေရပြန်တယ်။ ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။ ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။
Under the Skin မှာတွေ့ရတဲ့ နောက်ထပ် ဒွိဟသဘောတွေက Gender Experience တွေပဲ။ တစ်ချို့ Critics တွေကလည်း Reverse Rape Culture လို့ရည်ညွှန်းပြီး ချီးကျူးကြသလို၊ တစ်ချို့တွေကလည်း Naturally, men desires should be punished? ဆိုပြီး မေးခွန်းထုတ်ကြပြန်သေးတယ်။ Under the Skin ကို Critic Rating အနိမ့်ဆုံးပေးတဲ့ Plugged In ကတောင် ”A violent gender reversal of the modern rape culture” လို့တောင် အမည်တပ်ပြလိုက်သေးတယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။ တစ်ချို့ကတော့ ဒီဇာတ်ကားကို မနှစ်ခြိုက်ကြပါဘူး။ ဒါဟာ မျှတတဲ့ရလာဒ်တစ်ခုပါ” လို့ ဝေဖန်မှုတွေအကုန်လုံးကို တုံ့ပြန်ခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့တော့ Under the Skin ဟာ The Tree of Life တို့၊ Melancholia တို့လို ကောင်းမွန်တဲ့ Arthouse ဇာတ်ကားတစ်ကားဆိုတာ ငြင်းမရပါဘူး။ ပထမဦးဆုံးအခန်းမှာ ပြသတဲ့ Formication အခန်းနဲ့တင် ဒီဇာတ်ကားက ကျွန်တော့်ကို စိတ်ဝင်စားစရာအပြည့် ပေးခဲ့တယ်။ ကျွန်တော်တို့ ရုပ်ရှင်ထဲတွေက တွေ့ကြုံခံစားရမယ့် အနုပညာဆိုတာ ဒီလိုဇာတ်ကားတွေထဲက အနုပညာတွေပါပဲ။ Under the Skin ဟာ ဖုံးကွယ်ထားတဲ့ အနုပညာတစ်ခုမဟုတ်ပါဘူး။ ဖွင့်လှစ်ထားတဲ့ “modernist stylistic & thought provoking film” တစ်ခုပါ။ ကြည့်ရတာ လုံးဝထိုက်တန်ပါလိမ့်မယ်..။
Review ကို ကိုAung Tun Tun Timeline မှကူးယူဖော်ပြပါသည်..။

The Storm Warriors (2009) မြန်မာစာတမ်းထိုး
ဒီတစ်ခါတော့တရုတ်သိုင်းကားကြိုက်တဲ့ပရိသတ်ကြီးအကြိုက်တွေ့မယ့်ဇာတ်လမ်းဖြစ်ပါတယ်။ မသမာသူတွေရဲ့
လက်ထဲကို ထီးနန်းကျရောက်မယ့်အရေးမှာ Wind နဲ့ Cloud ဆိုတဲ့ လူငယ်သိုင်းသမားနှစ်ဦးကဘယ်လိုပုံစံကယ်တင်
မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ရန်သူကိုတိုက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့
မကောင်းဆိုးဝါးဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှာရှင်သန်စေရမှာဖြစ်ပါတယ်။ မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားပြီး
အင်အားကြီးမားလာပြီးရန်သူကိုချေမှုန်းနိုင်ပေမယ့် ပုံမှန်စိတ်အခြေအနေ ပြန်ရရှိဖို့တော့ မသေချာတော့တဲ့ အခြေ
အနေမှာWind က ဒီနည်းလမ်းကိုရွေးပြီးတော့ ရန်သူကိုပဲသတ်နိုင်မလား မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားမလား
ဆိုတာကိုတော့ ကြည့်ရှုခံစားလိုက်ကြပါအုံး။

The End of the Beginning (2013) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကတော့ လာမဲ့အနာဂတ်ကာလမှာ ကမ္ဘာကြီးဟာ
အနောက်ခြမ်းနဲ့အရှေ့ခြမ်းဆိုပြီး အာဏာပြိုင်ရင်း နှစ်
ခြမ်း ကွဲသွားပြီးတဲ့နောက်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား
သူလျှိတွေ အသီးသီးလွှတ်ပြီးတိုက်ခိုက်ကြတဲ့ ခေတ်ကြိုသိပ္ပံ
သူလျှိုဇာတ်ကားလေးပါ။
သူလျှိုမလေး Mirine (009-1) ဟာ ကမ္ဘာအနောက်ခြမ်းက
သူသားတစ်ဝက် စက်ရုပ်တစ်ဝက် အေးဂျင့်တစ်ယောက်ပါ။ သူမဟာ
အနောက်ခြမ်းနဲ့ အရှေ့ခြမ်းကြားက နယ်နိမိတ်နိုင်ငံ
ဖြစ်တဲ့ J နိုင်ငံထဲကို ခိုးဝင်ပြီးတော့ လူ့အင်္ဂါ အစိတ်အပိုင်း
တွေကို မှောင်ခိုရောင်းချနေတဲ့ ဂိုဏ်းကို စုံစမ်းရတဲ့
တာဝန်ကို ပေးအပ်ခြင်းခံရပါတယ်။ သူမဟာ မှောင်ခိုဂိုဏ်းကို စုံစမ်းရင်း
ကမ္ဘာ့အရှေ့ခြမ်းဆီက ဒုက္ခသည် ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။
ကောင်လေးကို သူမက Chris လို့ နာမည်ပေးခဲ့ပြီး
ကျွမ်းဝင်ခဲ့တဲ့နောက်မှာတော့ သူမတစ်ပိုင်းတစ်စ မှတ်မိနေသး
တဲ့ သူမရဲ့ မိသားစုအကြောင်းကို သိချင်စိတ်တွေ များလာခဲ့တယ်။
သူမဟာ ငယ်ငယ်လေးကတည်းက မိသားစုနဲ့ အခွဲခံခဲ့ရပြီး
သူလျှိုအဖြစ် လေ့ကျင့်ခံခဲ့ရပါတယ်။ အဖျက်ခံခဲ့ရတဲ့ သူမမှတ်ဥာဏ်တွေအတွက်
သူမအတိတ်ကို ပြန်လည်ရှာဖွေဖို့ ကြိုးစားရင်း အခက်အခဲအမျိုးမျိုး
ပြောင်းလဲခြင်းအမျိုးမျိုးကို အန်တုကာ ပျက်ဆီးနေတဲ့ကမ္ဘာကြီးကို
သူမ ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူမအတိတ်မှတ်ဥာဏ်အတွက် သူမရှင်သန်နေတဲ့ ကမ္ဘာကြီးအတွက်
ဘာတွေဘယ်လို တိုက်ခိုက်အန်တုရင်း ဘယ်လို ဆက်လက်ရှင်သန်သွားမယ်ဆိုတာကို
ကိုယ်တိုင် ကြည့်ကြည့်မှ သိမှာပါနော်။
လူသားစက်ရုပ်ကားဖြစ်ပေမယ့် မိသားစုမေတ္တာ၊ သူငယ်ချင်းမေတ္တာ
တွေနဲ့ ဇာတ်အိမ် တည်ထားတာမို့ ပရိသတ်ရင်ကို
ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါ။
မှတ်ချက်။ ။ 009-1 ဟာ ခေတ်ကြိုသိပ္ပံကားဖြစ်တဲ့အတွက် 18+အခန်းတွေနဲနဲပါသလို
၊ တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်းတွေကလည်း သွေးသံတရဲရဲနဲ့မို့
အရွယ်မရောက်သေးတဲ့ လူငယ်လေးတွေ မကြည့်သင့်ပါဘူးရှင့်

King Arthur: Legend of the Sword (2017) မြန်မာစာတမ်းထိုး
လွန်ခဲ့သော နှစ်ပေါင်းများစွားတည်းက လူသားတွေနဲ့ မှော်ဆရာတွေဟာ အတူတူလက်တွဲ ပြီးနေထိုင်လာခဲ့တာ ကြာခဲ့ပြီဖြစ်တယ်...King Uther အုပ်ချူပ်နေချိန် ကာလမှာ သူ့ကိုမလိုလားတဲ့ လူတွေကြောင့် မှော်ဆရာတွေနဲ့ လူတွေကြား စစ်ပွဲတွေ ဖြစ်ခဲ့တယ်..အဲ့ထဲမှာမှ Uther ကို မလိုလားဆုံး သူတွေ ထဲမှာ သူ့ညီ Vortigern လည်းအပါဝင် ဖြစ်တယ်..သူ့အကိုရဲ့ ဘုရင်နေရာကို သိမ်းပိုက်ပြီး အာဏာရှင် ဆန်ဆန် အုပ်ချုပ်ချင်နေတဲ့သူလည်း ဖြစ်တယ် ...ဘုရင် ဖြစ်ဖို့အတွက်ဆို ဘာမဆို လုပ်မဲ့ Vortigern ဟာ သူ့အကိုကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်...King Uther မှာ သားတစ်ယောက် ရှိခဲ့တယ်..အဲ့ကလေးလေးဟာ သူ့အဖေ သေဆုံးတဲ့ ညမှာတင် ဖြစ်ပျက်ခဲ့တာတွေ တစ်ခုမှ မမှတ်မိခဲ့ဘဲ တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားခဲ့ပါတယ်..အဲ့ကလေးဟာ တစ်ချိန်မှာ ဘုရင်ဖြစ်မယ့် Arthur ဖြစ်လာခဲ့တာပါပဲ..
Arthur အသက်ကြီးလာတဲ့အချိန်ထိ သူငယ်ငယ်တုန်းက ဖြစ်ပျက်ခဲ့တာတွေ တစ်ခုမှတ်မိခဲ့ခြင်း မရှိတဲ့အတွက် သာမန် ဘဝတစ်ခုနဲ့ပဲ နေလာခဲ့တယ်...ဒါပေမဲ့ တစ်နေ့မှာ King Vortigern အုပ်ချူပ်နေစဉ် သူတိုင်းပြည်ရဲ့ပင်လယ်ရေတွေထဲကနေ King Uther ရဲ့ဓားဟာ ထွက်ပေါ်လာခဲ့တယ်...Vortigern ရဲ့လူတွေအကုန်လုံး ဓားကို ကျောက်တုံးထဲက ဆွဲထုတ်ခဲ့ကြပေမယ့် တစ်ယောက်မှ မအောင် မြင်ခဲ့ဘူး..Vortigern ကို Black Magic ပေးတဲ့သူကတော့ ဒီဓားကိုဆွဲထုတ်နိုင် တဲ့သူကို သတ်ပြီးမှသာလျင် သူ့လိုချင်နေတဲ့ မှော်စွမ်းအားတွေ ထပ်ရနိုင်မှာ ဖြစ်လို့ Vortigern ဟာဒီဓားကို ဆွဲထုတ်ဖို့အတွက် လူတွေခေါ်ပြီးဆွဲထုတ် ခိုင်းတယ်..Arthur ရောက်လာချိန်မှာတော့ ဓားကိုဆွဲထုတ် နိုင်ခဲ့တယ်..အဲ့အချိန်မှာပဲ Arthur အဖမ်းခံရပြီး အသတ်ခံရဖို့ ဖြစ်လာတဲ့ အချိန်မှာ………..Arthur ပဲလွတ်မြောက် သွားမလား..Vortigern ပဲ ကျရှုံးသွားမလား……..
~~~Review~~~
ဒီကားကို Trailer စပြတည်းက ကြည့်ချင်နေခဲ့တာ ခုကြည့်လိုက်ရချိန်မှာ လည်း စိတ်ကျေနပ်မူ ရရှိခဲ့တယ်...ဇာတ်ကားအစကို စစ်ပွဲတွေနဲ့စထားတော့ အစမှာတည်းက အရှိန်တက်တယ်..King Uther ရဲ့အခန်းကို လိုတာထက် ပိုမပြခဲ့ဘူး..ဇာတ်လမ်းသွား ခပ်မြန်မြန်လေးပဲ လုပ်ထားတယ်...Vortigern ရဲ့အခန်းကဏ္ဏ ကိုအစမှာတည်းက ခန့်မှန်းလို့ရအောင် ပြထားတယ်...တကယ်လည်း Arthur ရယ် Vortigern ရဲ့ဇာတ်ပဲလေ...Vortigern အခန်းတိုင်း ကြည့်လို့ကောင်းတယ်..Jude Law သရုပ်ဆောင်တာလည်း အတော်ကြည့်ကောင်းတယ်..Vortigern နဲ့လည်း လိုက်ဖက်တယ်လို့ ထင်မိတယ်..Arthur နေရာ သရုပ်ဆောင်တဲ့ Charlie Hunnam လည်း ဒီကားမှာ အတော်ပြင်ဆင်ထားတယ်..Body ပိုင်း physical ပိုင်း အထူးပြောစရာ မလိုဘူး..
Arthur ဆိုတဲ့ character ကို အသေချာ ပြင်ဆင်ထားတော့ အထူးပြောနေစရာ မလိုဘူး..ကျန်တဲ့ သရုပ်ဆောင်တွေလည်း သူ့ဟာနဲ့တူ အကောင်းဆုံး ပံပိုးပေးထားတယ်...GoT ထဲက ဇာတ်ကောင် အချို့လည်းပါသေးတယ်...အဲ့ထဲမှာ Petyr Baelish နေရာသရုပ်ဆောင်တဲ့ Aidan Gillen ရဲ့အခန်းကတော့ ပိုများတယ်...သာမန်ထက်တော့ မပိုခဲ့ဘူး သူ့သရုပ်ဆောင်ချက်တွေကတော့..
ဒီကားက သရုပ်ဆောင်ပိုင်း ပြောစရာမရှိပေမဲ့ ဇာတ်လမ်းပိုင်းကတော့ ဆွဲဆောင်မူသိမရှိခဲ့ဘူး..အက်ရှင် အခန်းတွေက Trailer မှာပါတဲ့ဟာတွေထဲကပဲ ပြန်ပါတယ်..တစ်ချို့အခန်းတွေက တော့ရုပ်ရှင်ကြည့်တဲ့ အခါမှ တွေ့လိုက်ရတဲ့အတွက် အတော်မိုက်ပါတယ်...နောက်တစ်ချက်က စကားပြောနေရင်း ထထဖောက်တာလေးတွေ များတယ်..scene တစ်ခုမှာ တစ်ကြိမ်လောက်ဆို ရီရပေမဲ့ အဲအတိုင်းပဲ ထပ်ပြောတဲ့ အခါကျတော့ အတင်းရီခိုင်းသလိုဖြစ်တယ်…နောက်ပြီး ဒါရိုက်တာ က Sherlock Holmes 1,2 ရိုက်ခဲ့တာဆိုတော့ ဒီကားမှာ အဲ့ပုံစံ တွ အရမ်းသုံးတယ်..စကားပြောနေရင်း flashback လေးတွေနဲ့ပြတာ ခဏခဏပဲ...serious ဖက် သိပ်မသွားပဲနဲ့ fun လေးတွေ ညှပ်ပြသွားတာလေးကတော့ သူ့အကြိုက်နဲ့သူပါပဲ…
ဒီကားကို ကြိုက်မိတဲ့အချက်တွေက တော့ပိုများတယ်.ပထမဆုံး ချီးကျူးရရင် Guy Ritchie ရဲ့ visual effects ကတော်တော် အားရဖို့ကောင်းခဲ့တယ်..အက်ရှင် အခန်းတိုင်းကို ရိုက်ထားတာ အရမ်းအားရဖို့ကောင်းတယ်..Sherlock Holmes မှာ မြင်ခဲ့ရတဲ့ အက်ရှင်အခန်းပုံစံ တွေကို ဒီကားမှာ အကောင်းဆုံး ချပြသွားနိုင်ခဲ့တယ်...trailer မှာပါတဲ့ ဆင်အခန်းတွေဆို ရုံမှာ 3D နဲ့ကြည့်ရင် အတော်ကြည့်လို့ကောင်းတယ်..ဒီနေရာမှာ တစ်ခုလောက်ပြောချင်တာက ဒီကားကို ရုံကောင်းကောင်းမှာ 3D နဲ့ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ပြောချင်တယ်..တစ်ကားလုံး 3D effect ကို အကောင်းဆုံး ရိုက်ပြသွားနိုင်တယ်...နောက်ကြိုက်မိတဲ့ အခန်းကတော့ Sam Lee ရဲ့ နာမည်ကြီး သီချင်း The Wild Wild Berry ကို ရုပ်ရှင်ထဲမှာ ပြန်အသုံးပြုသွားတာပဲ…ဒီကားကို ကြိုက်မိတဲ့အချက်တွေက များတာတော့ အမှန်ပါပဲ…နောက်ဆုံး အခန်းဆိုရင်လည်း ရိုက်ထားတာ အတော်ကို အားရဖို့ကောင်းခဲ့ပြီး ပရိတ်သတ် အကြိုက်ရိုက်သွား ခဲ့နိုင်တယ်..ဒီကားကို Fantasy နဲ့modern age ပေါင်းပြီး ရိုက်ပြခဲ့ပါတယ်..အချို့ရိုက်ချက်တွေဆိုရင် Game play ပုံစံနဲ့ အတော်ကို ဆင်တူအောင်ရိုက်ထားပါတယ်..The Witcher game ကို ပြန်အသက်သွင်းပြီး ရုပ်ရှင် အဖြစ် ရိုက်ကူး ခဲ့မယ်ဆိုရင်တော့ အခုလိုမျိုး visual effect တွေနဲ့မြင်ချင်နေ မိတာတော့အမှန်ပါပဲ..ဒါပေမဲ့ series အဖြစ်ရိုက်ကူးမယ်လို့သတင်းတွေ လည်းထွက်နေပါသေးတယ်..
ဒီကားဟာ နိုင်ငံတကာမှာUS နဲ့ China တို့မှာ ပြသခဲ့ပြီး ဖြစ်ပါတယ်..UK မှာ ဒီအပတ် ရုံစဝင်ပြီး ပြသတော့ မှာလည်းဖြစ်တယ်..ဒါပေမဲ့ ကံဆိုးစွာနဲ့ Rating တွေဟာ မကောင်းခဲ့တဲ့အတွက် Box Office မှာ epic flop အဖြစ်မှတ်တမ်း ဝင်ဖို့ရှိနေပါတယ်..ဒါဟာလည်း ဒီကားကို sword battle တွေနဲ့Fantasy မဆန်ချင်တဲ့ အတွက်ကြောင့်ပဲ ပေးခဲ့တာတွေ ဖြစ်လိမ့်မယ် ထင်တယ်..Budget အရ 175 million အသုံးပြုထားပြီး ခုလက်ရှိ 58.1 mill လောက်ပဲရရှိထားပါသေးတယ်..2017 ခုနှစ်ရဲ့ Budget အများပြား သုံးပြီး Box office flop ဖြစ်ဖို့ရာခိုင် နူန်းများနေပါတယ်..
အဆုံးသတ် ပြောရမယ်ဆိုရင် 3D နဲ့ရုံကောင်းကောင်းမှာ ကြည့် သင့်တဲ့ ကားကောင်းတစ်ကားပါ..visual effects ကြိုက် နှစ်သက်သူဆိုရင် တော့ ပြောစရာ မလိုတော့ပါဘူး..ဝယ်လိုက်ရတဲ့ လက်မှတ်ဖိုးနဲ့တန်တဲ့ကား တစ်ကားဖြစ်ပါတယ်..

Desierto (2015) မြန်မာစာတမ်းထိုး
ဒီဇာတ်ကားကို ဖန်တီးသူတွေကတော့ Gravity နဲ့ အော်စကာဆုရထားတဲ့ Cuarón တို့ ညီအစ်ကိုတွေပါပဲ။ ဒါရိုက်တာ Jonás Cuarón က အစ်ကိုကြီး Alfonso Cuarón ရဲ့ ခြေရာကို နင်းမယ့်ပုံ ရပါတယ်။
ဇာတ်လမ်းက အမေရိကန်-မက္ကဆီကို နယ်စပ်ကနေ ခိုးဝင်လာတဲ့ မက္ကဆီကိုသားတစ်သိုက်ကို အမဲလိုက်ခံရတဲ့ အကြောင်းပါ။ မက္ကဆီကိုမှာ အခြေအနေမဟန်လို့ အမေရိကန်နိုင်ငံကို တရားမ၀င် ခိုးဝင်ဖို့ ကြိုးစားကြသူတွေဟာ လမ်းမှာ ကားပျက်သွားတဲ့အတွက် လွင်တီးခေါင်ပြင်မှာ လမ်းဆင်းလျှောက်ကြရပါတယ်။ အဲဒီအဖွဲ့ထဲက အဒဲလာက လမ်းသိပ်မလျှောက်နိုင်တဲ့အတွက် တခြားသူတွေက သူ့ကို ထားရစ်ခဲ့ကြလို့ မော့ဆက်က သူ့ကို စောင့်ပြီး အနောက်က လိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘယ်နေရာမှန်း မသိတဲ့ တစ်နေရာက စနိုက်ပါနဲ့ လှမ်းပစ်တဲ့အတွက် အသက်လုပြေးကြရပါတယ်။ အမဲလိုက်သူက ဆမ် လို့ခေါ်တဲ့ အမေရိကန်နယ်စပ်က လက်ဖြောင့်သေနတ်သမားတစ်ယောက်ပါ။ သူက နယ်စပ် ရဲတပ်ဖွဲ့ကလည်း မဟုတ်ပါဘူး။ တရားမ၀င် ခိုးဝင်လာတဲ့ မက္ကဆီကိုသားတွေကို မုဆိုးက သားကောင်ကို အမဲလိုက်သလို ကားတစ်စီး၊ စနိုက်ပါတစ်လက်၊ ခွေးတစ်ကောင်နဲ့ လိုက်သတ်တဲ့သူပါ။ သူကတော့ Supernatural ထဲမှာ ဆမ်နဲ့ ဒင်းတို့ရဲ့ အဖေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ၀ါရင့် မင်းသားကြီး Jeffrey Dean Morgan ပါပဲ။ ဒီကားမှာတော့ သူ့ရဲ့ လက်မရွံ့ မုဆိုးကြီးတစ်ယောက်အသွင်က ကြောက်မက်ဖွယ်ရာ ကောင်းလှပါတယ်။ Cinematography က ရုပ်ရှင်ရုံမှာဆိုရင် တော်တော်ကြည့်လို့ လှမယ်။ ကျယ်ပြန့်တဲ့ လွင်တီးခေါင်ပြင်ရဲ့ ခြောက်သွေ့မှုက ပြေးစရာ မြေရှိသော်လည်း လွတ်လမ်းမဲ့နေတဲ့ သင်္ကေတကို ရှင်းရှင်းကြီး ပြနေတယ်။ လူသားအချင်းချင်း အမဲလိုက်ခံနေရတဲ့ အမေရိကန်မုဆိုးတစ်ယောက်နဲ့ မက္ကဆီကိုသားကောင်တွေရဲ့ အသက်လုပွဲက ယုတ္တိရှိရှိနဲ့ အသည်းထိတ်စရာ ကောင်းလှတာမို့ သည်းထိတ်ရင်ဖိုနှစ်သက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

The Missing (2017) မြန်မာစာတမ်းထိုး
ကလေးတွေပျောက်ဆုံးနေတဲ့ ၂၀၁၅ခုနှစ်ထဲမှာပေါ့ ရဲဝန်ထမ်း Linရဲ့ သမီးလေးဟာလဲ ပျောက်ဆုံးနေခဲ့တယ်...တစ်ညမှာတော့ သူ့သမီးရှိတဲ့နေရာကို သိတယ်ဆိုပြီး လူတစ်ယောက်ဆီက ဖုန်းအခေါ်တစ်ခုလက်ခံရခဲ့တယ် အဲ့လူရဲ့ မှတ်ပုံတင်ဟာ ရဲတွေရဲ့ အထောက်အထားအရ အတုဖြစ်နေပါတယ် Yangဆိုတဲ့ ရဲမေနဲ့ သူနဲ့ပူးပေါင်းပြီး ကာစီနိုတွေ လူဆိုးဂိုဏ်းတွေနဲ့တောင် ပတ်သက်ရင်ဆိုင်ခဲ့ရပြီး သူရဲ့ သမီးလေးကို ဘယ်လိုကယ်တယ်မလဲဆိုတာတော့ စောင့်ကြည့်လိုက်ပါဗျာ.... Marchလထဲကရုံတင်ခဲ့ပြီး တရုတ်ယွမ် ၉၅သန်းအထိရခဲ့တဲ့ ကားလေးတစ်ကားဖြစ်ပါတယ် တရုတ်နိုင်ငံရုပ်ရှင်လောကရဲ့ အံ့မခန်းလီလီ အသေးစိတ်ရိုက်ပြတာတွေနဲ့ ကောင်းမွန်လှတဲ့ ရိုက်ကွင်းတွေ effectတွေကိုလဲ ခံစားနိုင်မှာပါ
credit-goldchannel
Joint Security Area 2000 (မြန်မာစာတန်းထိုး)
လီဗျောင်ဟွန်းပါဝင်ထားပီး Rating 7.9 ထိရရှိထားတဲ့
Action စစ်ကားဖြစ်ပါတယ်..
ဒီဇာတ်ကားကိုအညွှန်းမရေးခင် လွန်ခဲ့တဲ့ 2 နှစ်လောက်က
ကရင်ပြည်နယ်ဘက်မှာ တာဝန်ထမ်းဖူးတဲ့စစ်သားတယောက်ရဲ့
အတွေ့အကြုံကိုရေးထားတဲ့ စတေးတပ်တခုကိုအရင်ပြောပါရစေ
ကရင်ပြည်နယ်ဘက်မှာစခန်းထိုင်နေရင်းနဲ့၂ဖက်တပ်တွေက တဖြည်းဖြည်းရင်း
နှီးလာကြတယ် (ကိုယ့်သွေးသားအရင်းတွေကိုး မုန်းလဲခနပေါ့)
ကြာတော့ ၂ဖက်တပ်တွေက ရင်းနှီးယုံမကဘူး ခြင်းခတ်အတူတူ
ဟင်းဆိုလဲ တဖက်နဲ့တဖက်လဲစားကြတာပေါ့ သူတို့ကြားကသံယောဇဉ်ဟာလဲ
တဖြည်းဖြည်းနက်ရှိုင်းလာတယ် တိုက်မိန့်ကျလို့တိုက်ရရင်တောင်
သာတဲ့ဘက်က စစ်သည်တွေက “ပြေးကြပါတော့ယောက်ဖတို့ရာ”ဆိုပြီးမျက်ရည်တောင်
ကျခဲ့ကြပါသတဲ့အခုဒီဇာတ်လမ်းမှာလဲ နယ်စပ်မှာ လုံခြုံရေးယူနေရင်းကနေ ရင်းနှီးသွားကြတဲ့ ၂ဖက်စစ်သား
တွေရဲ့ကြားမှာ မထင်မှတ်ပဲ ကံကြမ္မာဆိုးဝင်လာသောအခါ……
ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် ဗဟုသုတလဲရစေသလို စစ်ကားဖြစ်ပြီးစစ်မတိုက်
ကြပါစေနဲ့လို့တောင်ဆုတောင်းပေးရတဲ့အထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အနုပညာဖန်တီးမှုကို
မလေးစားပဲမနေနိုင်ပါဘူး၂ဖက်တပ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ပေါကားတွေလိုမျိုး တဖက်က အင်မတန်းမိုက်ရိုင်း
ယုတ်မာ တဖက်က အင်မတန်ကောင်းဆိုတဲ့ပေါတောတောပြကွက်မျိုးတွေမပါသလို လူလူချင်း
စရိုက်ကိုပေါ်လွင်အောင်ဖန်တီးသွားပုံကလဲ ဒီဇာတ်ကားကိုကြည့်သင့်တဲ့အချက်တချက်ပါပဲ

Aftermath (2017) မြန်မာစာတန်းထိုး
မင်းသားကြီးအာနိုးရဲ့ ရုပ်ရှင်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ် ။
အာနိုးကြီးနဲ့အတူ Scoot McNairy နဲ့ Maggid Grace တို့ တွဲဖက်သရုပ်ဆောင်ထားပြီး လေယာဉ်ပျက်ကျမှုတစ်ခုမှာ ဇနီးနဲ့ ကလေးကို ဆုံးရှုံးလိုက်ရတဲ့ ရိုမန်ဆိုတဲ့လူတစ်ယောက်ရဲ့ဘ၀အကြောင်းသရုပ်ဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ။
ဒီဖြစ်ရပ်ဟာ လေကြောင်းထိန်းချုပ်ရေး တာဝန်ခံ ဂျိတ်ဘရိုနို တာဝန်ကျချိန်မှာဖြစ်ပွားခဲ့တာမို့ ရိုမန်ဟာ
ဒီတာဝန်ခံကိုလူချင်းတွေ့ပြီး ပြသနာရဲ့အဖြေကို တောင်းဆိုဖို့ကြိုးစားလာပါတော့တယ် ။
မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ရဲ့ အခဲမကျေစိတ်၊ နာကျည်းဝမ်းနည်းမှုတွေနဲ့ ဒီကိစ္စရဲ့ဖြစ်ရပ်နောက်ကွယ်မှာ
ဘယ်လို အကြောင်းတရားတွေရှိမယ်ဆိုတာကို ခံစားကြည့်ရှုလိုက်ပါ ။
(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန် သူကတော့ ကိုကျော်ကျော် (CU - Mdy) ပဲဖြစ်ပါတယ်)

Sex Doll (2016) မြန်မာစာတန်းထိုး
2016 ခုနှစ်ထွက် သည်းထပ်ရင်ဖိုဇာတ်ကားလေးတစ်ကားဖြစ်တဲ့ sex doll ကားမှာ
ရုပါဒ့်ဆိုတဲ့သူက အင်္ဂလန်အခြေစိုက်ပြင်သစ်ညဥ့်ငှက်လေးဖြစ်တဲ့ဗာဂျီနီဆိုတဲ့ကောင်မလေးကိုဘယ်လိုတွေကယ်မှာလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
၁၈+ အခန်းတချို့ပါတာကိုတော့ သတိချပ်စေချင်ပါတယ်။

Labels:
18+
The Assignment (2016) မြန်မာစာတန်းထိုး
ဒေါက်တာဂျိန်း ဟာအရမ်းတော်တဲ့ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်
ဒါပင်မဲ့တရားမဝင်စမ်းသပ်မှုတွေလုပ်ခဲ့တဲ့အတွက်သူမဟာသူမရဲ့ဆရာဝန်လိုင်စင်
ကိုအသိမ်းခံခဲ့ရပါတယ် အဲ့နောက်မှာတော့သူမဟာတရားမဝင်ဆေးခန်းတစ်ခု
ဖွင့်ထားခဲ့ပီးအဲ့ကရတဲ့ဝင်ငွေတွေနဲ့သူမရဲ့စမ်းသပ်မှုတွေကိုဆက်လက်လုပ်ဆောင်
ခဲ့ပါတယ် တစ်နေ့မှာသူမရဲ့မောင်ဖြစ်သူ ဆက်ဘက်ရှန်းဂျိန်း ဟာအကြွေးတွေ
မဆပ်နိုင်တဲ့အတွက်အသတ်ခံခဲ့ရပါတယ် သူ့မောင်အတွက်လက်စားချေဖို့အတွက်
ဒေါက်တာဂျိန်း ဟာသူမောင်ကိုသတ်ခဲ့တဲ့သူကဘယ်သူလဲဆိုတာကိုစုံစမ်းခဲ့ပီး
လက်စားချေခဲ့ပါတယ် ဒါပင်မဲ့သူလက်စားချေတဲ့ပုံစံကသမရိုးကျပုံစံတော့
မဟုတ်ခဲ့ပါဘူး သူ့မောင်အတွက်ဘယ်လိုလက်စားချေလဲဆိုတာနဲ့
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့..........
ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ခုပါ
18+ အခန်းတစ်ချို့ပါဝင်တဲ့အတွက်မိသားစုနဲ့အတူကြည့်လို့တော့
အဆင်မပြေလောက်ပါဘူး..။
တိုက်ရိုက်ကြည့်ရန် DOWNLOAD ရန်နှိပ်ပါ

London Has Fallen (2016) မြန်မာစာတန်းထိုး
pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1bYEms
- ဖိုင်ဆိုဒ်.. 905 MbCREDIT-WWW.CHANNEL MYANMAR.COM